MNP - ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Cen tre)ခန်းမတွင် စာပေ မြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် စာတတ်မြောက်ခြင်း စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်မှု ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကို ယမာန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာပေမြတ် နိုးသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊တီထွင်ဖန်တီးလိုစိတ်များဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပ ပေးရခြင်းရည်ရွယ်ချက်နှင့်ဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ် (၁၇)ပါ ဆောင်းပါးရှင်
ယု(ဟီးရိုး) ရေးသားသည့် စာတတ်မြောက်ခြင်း စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်မှုဆောင်းပါး မှ အသိ ပညာ၊နည်းပညာ၊ဗဟု သုတကို စာပေမှရရှိနိုင်သဖြင့် ပညာသည်သာ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအတွက် အရင်းခံ အချက်ပင်ဖြစ်သည်။ ပညာစွမ်းရည်၊ဉာဏစွမ်းရည်၊ လူမှုရေးစွမ်းရည်မြင့်မားသည့် လူ့စွမ်းအားအရင်းအ မြစ် ဖွံဖြိုးတိုးတက်ရေးအတွက် ပညာအ ခြေခံသော စာတတ်မြောက်ရေးသည် မရှိမဖြစ်လိုအပ်သော စွမ်းအားဖြစ်ကြောင်း၊ အသက်အရွယ်ကြီးပြီးမှ စာရေးစာဖတ်သင်ယူသူများအ တွက် ပညာလို အိုသည်မရှိ ပညာသင်ရန်အခက်အခဲရှိသည့် လူငယ်များအတွက် ပညာရေးဝေးသည်မရှိ စသည့်ဆောင်ပုဒ်များဖြင့် အားပေးလှုံဆော်ခဲ့ကြောင်းဆွေး နွေးပြောကြားခဲ့ သည်။
ထို့နောက် မြတ်နိုးသူ Book Club အသင်း ဝင် ကျောင်းသား မောင်သန်းထွန်း
က စာဖတ်ခြင်းသည် မိမိဘဝနှင့်အလုပ်ခွင်တွင် အရည်အသွေးမြင့်မားစွာနေထိုင်လုပ် ကိုင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိဦးနှောက်အသိဉာဏ်ကိုဖွံဖြိုးတိုးတက်စေခြင်းသည်သာလျှင် အမှန်တကယ် ချမ်း သာခြင်းဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး မလှစိုးတင်က စာဖတ်ခြင်းသည် လူတစ်ဦးအတွက် ကောင်းကျိုးများစွာရရှိစေနိုင်သ လို ကလေးများအ တွက်လည်း ဖန်တီးမှု စိတ်ကူးကောင်းများကိုဖြစ်ပေါ်စေနိုင်ကြောင်းဆွေးနွေးပြောကြား၍ သိရှိလို သည်များ မေးမြန်းရာ မြို့နယ် ဦးစီးမှူးက ဆွေးနွေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment