ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်း အစည်းအဝေး ကျင်းပ


MNP  -   ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ စောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်းအမှန်ရရှိစေရေး   သတင်းညှိနှိုင်း အစည်းအဝေးကို  ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းအောင်က  ထူးခြားဖြစ်စဉ်သတင်းများ အချိန်နှင့်တပြေးညီ ရောက်ရှိရေး၊ သတင်းမှန်ကန်မြန်ဆန်စေရေး၊  ပူးပေါင်းဆောင်ရွတ်ရမည့် အဖွဲ့အစည်းများစသဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးစိုးကြည်က မှုခင်းကျဆင်းရေး နှင့်ယာဥ်မတော်တဆမှုများ လျော့နည်းစေရေးအတွက်  ရှင်းလင်းဆွေးနွေးခဲ့သည်။ 


ထို့နောက်တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


မဇင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)