MNP - ဇန်နဝါရီ ၂၃
မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများကို ကျောင်းသား/ကျောင်းသူများမှတဆင့် မိဘပြည်သူများပါ အသိပညာများရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်မျိုးအောင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင် များသည် ယနေ့နံနက် ၁၀ နာရီခန့်က အခြေခံပညာအထက်တန်း(မိုင်းယန်း)ကျောင်းရှေ့ ကွင်းပြင်တွင် ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိိမ်းသတ်နည်း လက်တွေသရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်သူရက မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဝတ်စုံများ အကြောင်း သိကောင်းစရာများ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်ကျွမ်းမှုဖြစ်လျှင် ကြိုတင်ကာကွယ် ငြိမ်းသတ်နည်းစနစ်များတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကိုလည်း မီးငြိမ်းသတ်မှုများကို လက်တွေ့လေ့ကျင့် ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရန်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်၊ အထက(မိုင်းယန်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး
https://t.me/MyanmarNationalPost



No comments:
Post a Comment