ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး


MNP  -  ဇန်နဝါရီ ၁၀

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇန်နဝါရီ ၈ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဒုတိယဝန်ကြီးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်နှင့် အပျိုဆောင်များ၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိရပ်ကွက်များရှိ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာများသို့ သွားရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် ဒုတိယဝန်ကြီးကဝန်ထမ်းများကို ရင်းနှီးစွာတွေ့ဆုံ၍ လူပျိုဆောင်ရှေ့ မျက်နှာစာလမ်းတစ်ဖက်ရှိ ချုံနွယ်များနှင့် အမှိုက်များကို ရှင်းလင်းရန်၊ ရေချိုးခန်းနှင့် အိမ်သာများကို နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ရန်၊ လူပျိုဆောင်များတွင် ည ၁၀ နာရီနောက်ပိုင်းနှင့် အပျိုဆောင်များတွင် ည ၉ နာရီနောက်ပိုင်း အဆောင်တံခါးများပိတ်ရန်၊ အိမ်ရာနှင့်အဆောင်များတွင် ဧည့်သည်များရှိက ဧည့်စာရင်းတိုင်ကြားရန်၊ ဧည့်သည်များမှတ်ပုံတင်စာအုပ်ထားရှိရန်၊ တိုက်တာဝန်ခံ/ဒုတိယတိုက်တာဝန်ခံများတွင် နေထိုင်သူများစာရင်း ပြုစုထားရှိရန်၊ လျှပ်စစ်မီးဂရုပြုသုံးစွဲရန်နှင့် လျှပ်စစ်ပလပ်ပေါက်များ ကောင်း/မကောင်းစစ်ဆေးပြီး မကောင်းကပြုပြင်ထားရန်၊ တိုက်ပတ်ဝန်းကျင်/ အဆောင်ပတ်ဝန်းကျင်များကို ချုံနွယ်ပိတ်ပေါင်း၊ အမှိုက်သရိုက်သန့်ရှင်းရေးများ အမြဲပြုလုပ်ရန်နှင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရန်၊ ခြံစည်းရိုးနှင့် ပလက်ဖောင်းကြားရှိအပင်များအား ရှင်းလင်းထားရန်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး အလင်းဖွင့်ထားရန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)