ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အသက်ထက်မြတ်သောဂုဏ်သိက္ခာ ဇာတ်တော်ကြီး” လေ့ကျင့်ဇာတ်တိုက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကို “အသက်ထက်မြတ်သောဂုဏ်သိက္ခာ ဇာတ်တော်ကြီး” လေ့ကျင့်ဇာတ်တိုက်နေမှု ကြည့်ရှုအားပေး


MNP  -  ဇန်နဝါရီ ၁၀

အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် စိတ်ခွန်အားရရှိစေရန်အတွက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက စီစဉ်ကပြမည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” ဇာတ်တိုက်လေ့ကျင့်နေမှု၊ အသံပိုင်း၊ မီးပိုင်းနှင့် ဆက်တင်ပိုင်းဆိုင်ရာများကို ယနေ့နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


သတိမူစရာ သင်ခန်းစာ


“အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး”သည် မြန်မာ့သမိုင်းတွင်ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင်နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဓံအနိမ့်အမြင့်၊ အတက်အကျတွင်လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး၊ အခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သော နတ်သျှင်နောင်သည် မိမိတို့၏နိုင်ငံအတွင်း ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသောသမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်သည်။


အဆိုပါ ဇာတ်တော်ကြီးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သော ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် မိသားစုများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကိုဇန်နဝါရီ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် မွန်းလွဲ ၁ နာရီမှစ၍ တင်ဆက်ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)