MNP - ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် လူငယ်များကြား လူမျိုးတုံးစေနိုင်မည့် ခြိမ်းခြောက်မှုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်းက စုကလိမြို့ ပြည်သူစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က မူးယစ်ဆေးဝါး မျိုးစုံအကြောင်း၊ မူးယစ်ဆေးအား မည့်သို့မည်ပုံမျှဖြင့်ပင် မသုံးစွဲသင့်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ပိုမိုသတိထား ရှောင်ရှားကြစေရန် လိုကြောင်း၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် အနာဂတ်ပျောက်ပြီး ဘဝပျက်ရသည့် သာဓကဖြစ်ရပ်များအကြောင်း၊ ကျောင်းသားများနှင့် အနီးစပ်ဆုံးပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး ရောင်းချခြင်းများအား မြို့နေပြည်သူများမှ ထိထိမိမိအရေးယူ ဆောင်ရွက်သင့်ကြောင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်သူလူထုများမှလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းတို့ကို ဟောပြောပေးခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါး အန္တရာယ် စုပေါင်းကာကွယ်မယ် ခေါင်းစဉ်ဖြင့် နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ထားရာ မူးယစ်ဆေးဝါးမျိုးများအကြောင်း၊ သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် ဆိုးကျိုးရလဒ်များ၊ လူငယ်များအနေဖြင့် အပေါင်းအသင်းကြောင့်ဖြစ်စေ မိမိကိုယ်တိုင် စ၍သော်လည်းကောင်း၊ စမ်း၍ သော်လည်းကောင်း မသုံးစွဲကြစေရန် အသိပေးချက်များ ကဗျာ၊ ဆောင်းပါး ကာတွန်းများအား ဝေဝေဆာဆာပြသပေးခဲ့သည်။
အဆိုပါဟောပြောပွဲနှင့်နံရံကပ် ပြဘုတ်ပြသဆောင်ရွက်ခြင်းအား စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြပြီး သိရှိလိုသည်များအား ပြန်လည်မေးမြန်းကြရာ တာဝန်ခံမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment