အောင်လံမြို့၌ ဥစားကြက်များ မွေးမြူခြင်းလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့၌ ဥစားကြက်များ မွေးမြူခြင်းလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ



MNP  -   ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး နှင့် မိသားစုအိမ်တွင်း တစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြသကဲ့သို့ စက်ရုံရပ်ကွက်တွင် ဥစားကြက်များကို မွေးမြူခြင်းလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် လုပ်ကိုင်ဆောင်ရွက်သူများရှိကြောင်း သိရသည်။


ဥစားကြက်များကို မွေးမြူရာတွင် တစ်ရက်သားရှိသော ကြက်ကလေးများကို ရန်ကုန်မြို့မှ တစ်ကောင်လျှင် ကျပ်(၉၀၀)နှုန်းဖြင့် ဝယ်ယူရပြီး လေးလကြာအောင် ကုမ္ပဏီအစာများကို ကျွေးမွေးကာ ပြုစုစောင့်ရှောက်ကြရကြောင်း သိရသည်။ လေးလကြာပြီးလျှင် ဥများကို စတင်ဥကြပြီး တစ်နှစ်ခွဲခန့်ကြာအောင် ဥပြီးလျှင် ၎င်းကြက်မများကို ဥတုံးကြက်မများအဖြစ် သက်မှတ်ကာ ဟင်းစားအဖြစ် ၁ ပိဿာလျှင် ၅၅၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချကြသည်။ ယခုအခါ ဥစားကြက်မွေးမြူသူများအနေဖြင့် ဥတုံးကြက် ၁ ပိဿာလျှင် ၅၅၀၀ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံးလျှင် ၂၅၀ ကျပ်နှုန်း ရောင်းချကြရသည့်အတွက် ကုန်ကျစရိတ်ကာမိရုံသာမက မိသားစုစားဝတ်နေရေးကိုပါ အထောက်အကူဖြစ်စေကြောင်း ဒေသခံ ဥစားကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)