MNP - ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အမက(မိုင်းခွန်)၊ အမက(လွန်)ရှေခင်၊ အမက(လော့ဟန်)၊ အမက (ဝမ်ပေါ့)၊ အမက(တာကြန့်)၊ အမက(နမ့်နော်)၊ အမက(ဝမ်လျဲန့်)နှင့် အမက (ဝမ်ကြူး) ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီစေရေး၊ အချိန်မီပြီးစီးရေးနှင့် အဆောက်အအုံအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment