စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ



MNP  -   ဇန်နဝါရီ ၁၃

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် မိမိဝန်ကြီးဌာန၏ သမိုင်းတွင်မည့် ပါဝင်ဆင်နွှဲမှု တစ်ခုဖြစ်ကြောင်း၊ မိမိတို့ဘဝ တစ်သက်တာအတွက်လည်း ဂုဏ်ယူဖွယ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏အမျိုးသားအကျိုးစီးပွား ဦးစားပေးကဏ္ဍများကို ချမှတ်ထားသည့် ရပ်တည်ချက်၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်၍ “ရှေ့သို့လှမ်းချီ ပန်းတိုင် ဆီသို့” ဟူသော သန္နိဋ္ဌာန်စိတ်ဓာတ်ဖြင့်ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြစေလိုကြောင်း၊ နိုင်ငံတကာနှင့် အပြုသဘော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ကာ “သားကောင်း တမန်၊ ပြည့်အားမာန်၊ စွမ်းရည်ပြည့်ဝ နှလုံးလှဖြင့် ကာကွယ်သယ်ပိုး နိုင်ငံ့အကျိုး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစဉ်အလာကောင်းကို ထိန်းသိမ်းကာ ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ အထိမ်းအမှတ်ပြခန်း စီစဉ်ဆောင်ရွက်ရေး ကော်မတီတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် “မြန်မာ့သားကောင်းတမန်” ဂုဏ်ပြုသီချင်းအား ရေးစပ်သီကုံးသည့် ဌာနအကြီးအကဲနှင့် ပါဝင်သီဆိုသူတို့ကိုယ်စား တာဝန်ရှိသူများထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများနှင့်အတူ ပျော်ရွှင်စွာ ဂုဏ်ပြုညစာကို သုံးဆောင်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)