မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး


MNP  -   ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက်၊ ၂၀၂၂ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား ၂၀၂၂-ခုနှစ် အောက်တိုဘာလမှစတင်၍ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ခုနှစ် ဆောင်းသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေထုတ်ချေးရန် လျာထားချက်မှာ ကျပ်သိန်း (၂၅၀၀) ဖြစ်ပြီး ‌ တောင်သူများပိုင်ဆိုင်ထားသော (ပုံစံ-၇)မူရင်းများကို ၂၀၂၂ မိုးဘဏ်ထုတ်ချေးစဉ်က ဘဏ်မှ အပေါင်အဖြစ် ရယူထားခဲ့ပြီး  တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။


အဆိုပါ ထုတ်ချေးငွေကာလမှာ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလမှ ဇန်နဝါရီလအကုန်ထိဖြစ်ပြီး၊  ၂၀၂၃ခုနှစ်ဇန်နဝါရီလ (၂၀)ရက်နေ့ထိ ကျေးရွာအုပ်စု(၁၀)အုပ်စု၊   တောင်သူအဖွဲ့ဝင်ပေါင်း (၂၅၂)ဦး၊ ထုတ်ချေးငွေပေါင်း (၁၄၁၄)သိန်းထုတ်ချေးပြီးဖြစ်၍ အချိန်စေ့လွန် ကြွေးကျန်များ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများကိုသာ ၂၀၂၂-ခုနှစ် ဆောင်းချေးငွေကို ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)