MNP - ဇန်နဝါရီလ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်အသင်းသူများ၊ မြို့ပေါ်ရပ်ကွက်ဝတ်အသင်းများက အောင်ခြင်းရှစ်ပါး ပါဠိနှင့် ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်၊ ဆရာတော်၊ သံဃာတော်များက မိမိတို့ကျောင်းတွင် အောင်ခြင်းရှစ်ပါး ပါဠိနှင့်ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်တို့ကို ယနေ့နံနက် ၇ နာရီ မိနစ် ၄၀တွင်ရွတ်ပွားပူဇော်ခဲ့ကြသည်။
ရွတ်ပွားပူဇော်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်အသင်းသူများ၊ မြို့ပေါ်ရပ်ကွက်ဝတ်အသင်းများက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။
ဇလွန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ရဟန်းသံဃာတော်များက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ မီးကွင်းဆုတောင်းပြည့် ပေါ်တော်မူရွှေသာလျောင်းဘုရားတွင် တံမြက်စည်းလှည်းခြင်း၊ ဘုရားရင်ပြင်အား ရေဖြင့်ဆေးကြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဝေယံ
https://t.me/MyanmarNationalPost


No comments:
Post a Comment