သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေးညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေးညှိနှိုင်းဆွေးနွေး





MNP  -  ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့သူ/ မြို့သားများစုပေါင်းကျင်းပမည့် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲ ကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေး ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန   ( Community Centre)ဘက်စုံသုံးခမ်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတသ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး နာယက ဦးအောင်သန်းတင်က အဖွင့်အမှာစကားပြောကြားသည်။ 


ဆက်လက်၍ ပူဇော်ပွဲအကြို ဓမ္မပူဇာတရားပွဲကျင်းပရေး၊ ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရေး၊ ပူဇော်ပွဲကျင်းပရေးနှင့် အလှူငွေရရှိမှုအခြေအနေများကို ငပလီမြို့ မြို့မိမြို့ဖ ဦးဖိုးရီအောင်နှင့် ပူဇော်ပွဲကျင်းပရေး ကော်မတီများက ပူးပေါင်းဆွေးနွေးကြပြီး  အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋတု(၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။


အဆိုပါပူဇော်ပွဲတွင် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးဖြစ်သည့် အရှင်ဝါယာမိန္ဒာဘိဝံသ၊ အရှင်သီလက္ခန္ဓာဘိဝံသ၊ အရှင်ဝံသပါလာလင်္ကာရ၊ အရှင်သုန္ဒရ၊ အရှင်ဣန္ဒပါလ၊ အရှင်ဣန္ဒာစရိယ၊ အရှင်ဝီရိယာနန္ဒ၊ အရှင်ပညာဝံသာလင်္ကာရာဘိဝံသ စသည့် ဆရာတော်(၈)ပါးတို့အားပင့်ဖိတ်၍ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ၁၇/၁၈ ရက်များတွင် ညတရားပွဲများဖြင့် သံတွဲမြို့၊ နန်းချောင်းကျေးရွာရှိ သံတွဲ -ငပလီလမ်းပေါ်ရှိ  ဦးမြင့်လှိုင် ၏ ပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)