သနပ်ပင်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP  -   ဇန်နဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြိူ့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီအချိန်က မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားရာတွင်  မြို့နယ် အတွင်း ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး၊ အားကစားပြိုင်ပွဲများမှ ချစ်ကြည်ရင်းနှီးမှုရရှိရေး၊ မိမိတို့မြို့နယ်အနေဖြင့်  ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်မည့် ရလဒ်ကောင်းများရရှိစေရန်၊ အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို ပဓာနမထားပဲ အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအနေဖြင့် ဈေးပိုင်းအသင်းနှင့် KT Mobile အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီ(၂၆)ရက်နေ့မှစ၍ ဖေဖော်ဝါရီ(၁၂)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


လှမိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)