ခရမ်းမြို့နယ် အ.ထ.က(တမံကြီး)၌ ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာများဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် အ.ထ.က(တမံကြီး)၌ ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာများဟောပြော



MNP -   ဇန်နဝါရီ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခရမ်းမြို့နယ် အ.ထ.က(တမံကြီး)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်က ကျောင်းကြက်ခြေနီအသင်းခွဲဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းတွင် ကြက်ခြေနီအသင်းခွဲငယ်များဖွဲ့စည်းခြင်းဖြစ်ဆောင်ရွက်ရမည်လုပ်ငန်းတာဝန်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံကြက်ခြေနီအကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီးနောက် တပ်ဖွဲ့ဝင်များမှ ကြက်ခြေနီအသင်း၏ရှေးဦးပြုစုနည်းလုပ်ငန်းများ၊ အရေးပေါ်လူနာပြုစုနည်းများကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသပေးခြင်းများပြုလုပ်ဆောင်ရွက်ပေးခဲကြောင်း သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)