MNP - ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြို့မ(၃)ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ရွှေစာရံစေတီတော်တွင် ဌာနဆိုင်ရာများ စုပေါင်း၍သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးကို စေတီတော်ပရဝဏ်အတွင်း၊ အပြင်တွင် တံမြက်စည်းလှည်းခြင်းများ ဆောင်ရွက်ကြခဲ့သည်။ အဆိုပါသန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော် ဉီးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း ခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့် ရပ်ကွက်အတွင်းရှိ ဓမ္မာစင်္ကြာဝတ်အသင်းသူများမှ ဓမ္မာစင်္ကြာနှင့် မေတ္တာသုတ်တော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သတင်းရှိရသည်။
မြင့်ဇော်
https://t.me/MyanmarNationalPost

No comments:
Post a Comment