MNP - ဇန်နဝါရီ ၂၇
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဌာန၊ ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေး ပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀နာရီ က ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် အထက ရွှေလှေကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန္ဒာကြည် ကအဖွင့်အမှာစကားပြောကြားပြီး ဘီးလင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အထက ရွှေလှေကျောင်း မှ ကျောင်းသား၊ကျောင်းသူ၄ ဦးတို့က ၎င်းတို့လေ့လာ ဖတ်ရှုထားသော စာအုပ်များမှ လူငယ်ရေးရာ အကြောင်းအရာများကို အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက မိမိတို့ သိရှိလို့သည်များ မေးမြန်ဆွေးနွေးခြင်း၊အကြံ ပြုပြောကြာခြင်း၊ ပြန်လည်ဖြေကြားခြင်းတို့ကို စိတ်ပါဝင်စားစွာ ပါဝင် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့အထက ရွှေလှေ ကျောင်းမှ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးတက်ရောက်ခဲ့ကြ ကြောင်းသိရှိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment