ပြင်ဦးလွင်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲကျင်းပ


MNP  -   ဇန်နဝါရီ ၂၇

ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ ကြီးကိုင်ကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစိုင်းအောင်ကြည်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ၊ ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းသားစားစရိတ်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်ပြီး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ကို (၂၃-၁-၂၀၂၃) ရက်နေ့မှ (၂၇-၁-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ (၅) ရက်ဖြင့် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ထိ သင်တန်းနည်းပြဆရာများမှ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ မှန်ကြည်ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆပ်ပြာခရင်၊ အနံ့ဆိုးပျောက်ဆေးရည်၊ ကြွေပြားသန့်စင်ဆေးရည်နှင့် လက်သန့်ဆေးရည် စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချခဲ့ရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကြီးကိုင်ကျေးရွာ၊ သင်္ဂတုံကျေးရွာ၊ သရက်ကုန်းကျေးရွာနှင့် ရေမောင်းကုန်းကျေးရွာတို့မှ သင်တန်းသား(၂၀)ဦး တက်ရောက်သင်ကြားပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)