ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ






MNP  -   ဇန်နဝါရီ     ၂၇

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ကြီးကြပ်မှုအောက်ရှိ တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ‌YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ၂၀၂၂-ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိ ယာဉ်မောင်းဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မာန်အောင်ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )ရုံးသင်တန်းခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂-ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူ (၅၃)ဦးအား တစ်ဦးလျှင် ငွေကျပ် (၄)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တာဝန်သိ ယာဉ်မောင်း ဆုအဖြစ် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ခရီးသွားပြည်သူများ ကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းများနှင့် ငွေကြေး တို့ကို ခရီးသွားပြည်သူများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့သော ယာဉ်မောင်း(၃၀)ဦးတို့ကို တစ်ဦးလျှင် ငွေကျပ် (၂)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ 


ဆက်လက်၍ ၂၀၂၂ ခုနှစ်အတွင်း ခရီးသည်ပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ‌YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများနှင့် ‌YBS ခရီးသည်ပို့ဆောင်ရေးတာဝန်ထမ်းဆောင်ရာတွင် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး YBPC Co.,Ltd၊ လူထုမိတ်ဆွေ ကုမ္ပဏီ၊ Asia Starmar Transport Intelligent Co., Ltd နှင့် Super One Co., Ltd တို့မှ ဂုဏ်ပြုဆုရ ‌YBS ခရီးသည်တင်ယာဉ်မောင်းများအား မေတ္တာလက်ဆောင်ချီးမြှင့်ငွေများအား လက်ဝယ်အရောက် ထပ်ဆောင်းချီးမြှင့် ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုဆုရရှိသော ‌YBS ခရီးသည်တင် ယာဉ်မောင်းများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။


ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ ဂုဏ်ပြုဆုရရှိသည့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)