MNP ၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် မြရိပ်တောင်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲများနှင့် PDF ပဒက်များ ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
ထိတွေ့မှု ဖြစ်စဉ်အတွင်း ဒဏ်ရာများစွာဖြင့် PDF အကြမ်းဖက်သမားများ ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်အား လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ အကြမ်းဖက်စခန်း ပြုလုပ်ထားသော လူနေတဲ ၈ လုံး၊ ၁ ယောက်ပစ်ကျင်း ၁၈ ကျင်း၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၈ လုံး၊ လက်လုပ်မိုင်း ၇ လုံး၊ ယမ်းချောင်း ၅၀ ချောင်း၊ ကန့်အဝါအမှုန့်ထုပ် ၁၂ ထုပ်၊ လက်လုပ်drone ၁ စီး၊ ကျောပိုးအိတ်၂ လုံး၊ အီကွေ့မန့် ၁ စုံ၊ ပြောက်ကျားဘောင်းဘီ ၃ ထည်၊ မီးစက် ၁ လုံး၊ ဆိုင်ကယ် ၁၄ စီး၊ ကား ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:
Post a Comment