MNP - ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ စာရေးဆရာကျော်ဝင်း ရေးသားသော ‘နှစ်ဆယ့်တစ်ရာစုသားရွှေဥ’ စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြစ်သားမြို့နယ်ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သီတာအောင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်ရှိန်များပိုမိုမြင့်တက်လာပြီး အသိပညာဗဟုသုတများကြွယ်ဝလာကာ အမှားနှင့်အမှန်ကောင်းစွာခွဲခြားဆုံးဖြတ်နိုင်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးချသူများဖြစ်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဆရာကြီး ဦးမျိုးသက်က “ဒုတိယအကျင့်ပစ်ကွင်းကိုချိန်ပစ်” ခေါင်းစဉ်ဖြင့်လည်းကောင်း စတုတ္ထအကျင့် သူမနာကိုယ်မနာဆက်ဆံရေး” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ဦးရဲနိုင်ဦးမှ “ပဥ္စမအကျင့် နားလည်မှုရှိရန်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အဖွဲ့ဝင်များနှင့်စာပေဝါသနာရှင်များက သိလိုသည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment