MNP - ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပနေစေရန် ရည်ရွယ်၍ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်ဖြင့် မြို့တွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ် တစ်စီးဖြင့် ပွင့်ဖြူမြို့တွင်း မိန်းလမ်းမကြီးနှင့် မြို့ပတ်လမ်း၊ လမ်းဘေး(ဝဲ၊ယာ)ရှိ ပေါင်းမြက်များနှင့် စွန့်ပစ်ပလပ်စတစ်အမှိုက်များနှင့် သစ်ရွက်ခြောက် အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊တံမြက်စည်း လှဲခြင်းများကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး မြို့ပတ်လမ်းနှင့် မြို့တွင်း လမ်းမကြီး ဘေး(ဝဲ ၊ ယာ)ရှိ ရေနုတ်မြောင်းတို့တွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရွှံ့နုန်းများနှင့် သစ်ရွက်ခြောက်အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်သာယာဈေးများ သန့်ရှင်းသပ်ရပ်စေရန်အတွက် အမှိုက်များ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ပလစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံမှ သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment