ရွှေတိဂုံစေတီတော်မြတ်ကြီး၏စေတီရံ ၂၀ ကျော်နှင့်စေတီကြီး ၄ ဆူကို ရွှေသင်္ကန်းကပ်လှုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်မြတ်ကြီး၏စေတီရံ ၂၀ ကျော်နှင့်စေတီကြီး ၄ ဆူကို ရွှေသင်္ကန်းကပ်လှုမည်


MNP   -  ဇန်နဝါရီလ ၂၈

ရွှေတိဂုံ စေတီတော် မြတ်ကြီး၏ အထက်ပစ္စယာရှိ စေတီအရံ ၆၈ ဆူရှိသည့်အနက် အဆူ ၂၀ ကျော်ကို၂၀၂၃ နှစ်ဆန်း ပိုင်းတွင်ရွှေသင်္ကန်းကပ်လှူသွားမည် ဖြစ်ကြောင်းရွှေတိဂုံ စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


ထိုအပြင် ရွှေတိဂုံစေတီတော်ကြီး၏ အာရုံခံတန်ဆောင်း အနောက်ဘက်ရှိ စေတီကြီး ၄ ဆူကိုလည်း ရွှေသင်္ကန်း ကပ်လှူသွား မည်ဖြစ်သည်။


"ရွှေတိဂုံစေတီတော်မှာရှိတဲ့ စေတီရံ အားလုံးမှာ မူလမွမ်းမံ အလှူရှင်များ အသီးသီးရှိကြ ပါတယ်။ အဲဒီ မူလ အလှူ ရှင်များကိုပဲ ဦးစားပေး ဖိတ်ခေါ်ပြီးတော့ ရွှေသင်္ကန်းများ ပြန်လည် ကပ်လှူ တာဖြစ်ပါတယ်။ မူလ မွမ်းမံ အလှူ ရှင်များ မဆောင်ရွက်နိုင်တဲ့ စေတီရံများ အတွက် အလှူရှင်အသစ်များကို ဖိတ်ခေါ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်"ဟုစေတီတော်ဘဏ္ဍာ ထိန်းဂေါပကအဖွဲ့ ဝင်တစ်ဦးကပြောဆိုသည်။


ရွှေတိဂုံ စေတီတော် အထက်ပစ္စယာရှိ စေတီအရံ ၆၈ ဆူရှိသည့်အနက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း က စေတီအရံအဆူ ၂၀ ကို ရွှေသင်္ကန်းကပ် လှူခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင်ထပ်မံ၍ စေတီအရံ ၂၄ ဆူကိုရွှေသင်္ကန်းကပ်လှူမည့်အပြင် အာရုံခံတန်ဆောင်း အနောက်ဘက်ရှိ စေတီကြီး ၄ ဆူပါ‌ရွှေသင်္ကန်းကပ်လှူမည် ဖြစ်ကြောင်းသိရသည်။


လက်ရှိ တွင်ရွှေတိဂုံစေတီတော်ကြီးသို့ နိုင်ငံခြားသား ခရီးသွား ဘုရားဖူးဧည့်သည် တိုးလာသည့် အပြင် ပြည်တွင်းပြည်ပဘုရားဖူးများ တစ်ရက်လျှင်နှစ် သောင်းကျော်လောက်ရှိပြီး အစိုးရရုံး ပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွင်ဘုရားဖူးဧည့်သည်ဦးရေ ၃၀၀၀၀မှ၅၀၀၀၀ လောက် ထိလာရောက်ဖူးမျှော်ကြောင်း သိရှိရသည်။


ယ‌နေ့အချိန်တွင်ရွှေတိဂုံစေတီ တော်ကိုနံနက် ၅ နာရီမှည ၈ နာရီအထိအချိန်တိုးမြှင့်ဖွင့်လှစ် ပေးထားကြောင်းသိရှိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)