သံတွဲမြို့ အထက(ခွဲ) မြို့မ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ အထက(ခွဲ) မြို့မ၌ လူငယ်စကားဝိုင်းကျင်းပ




MNP  -   ဇန်နဝါရီ ၂၇

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက အထက(ခွဲ)မြို့မကျောင်း ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ  ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးက ကျောင်းသား၊ကျောင်းသူ လေးများအား မိုဘိုင်းဖုန်းသုံးစွဲမှု၏ ကောင်းကျိုးနှင့် ဆိုးကျိုးဆိုင်ရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာ ဦးချစ်ကိုကိုဇော်က ဦးဆောင်၍ အထက(ခွဲ)မြို့မကျောင်း Grad-11 မှ ကျောင်းသား၊ကျောင်းသူ (၈)ဦးက မိုဘိုင်းဖုန်းသုံးစွဲခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။


အလားတူ သံတွဲမြို့ရှိ အမှတ်(၂)အခြေပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) ငကျော်တောင်ကျောင်းတို့တွင်လည်း လူငယ်စကားဝိုင်းများကို တစ်ပြိုင်ထည်း ကျင်းပခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါလူငယ်စကားဝိုင်းကို လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင် ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက်ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်ပြီး နွေရာသီ ကျောင်းပိတ် ရက်များတွင်လဲ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများအတွက်အကျိုးပြုသင်တန်းများကို ဆက်လက် ဖွင့်လှစ် ပေးသွားမည်ဖြစကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)