ရမ်းဗြဲမြို့နယ်၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဖြင့်အကောင်အထည်ဆောင် ရွက်မှုများသို့ကွင်းဆင်းစစ်ဆေးခြင်းနှင့်တောင်သူပညာပေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဖြင့်အကောင်အထည်ဆောင် ရွက်မှုများသို့ကွင်းဆင်းစစ်ဆေးခြင်းနှင့်တောင်သူပညာပေးသင်တန်းဖွင့်လှစ်


MNP  -   ဇန်နဝါရ  ၂၈

ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလုံးမောင်သိန်းနှင့်  မြေ၊  မျိုး၊  ပိုး၊  သီးနှံတာဝန်ခံအဖွဲ့တို့သည် ယနေ့ နံနက် ၈ နာရီက ရမ်းဗြဲမြို့နယ်၊ ခွဆုံကျေးရွာအုပ်စု၊ ခွဆုံရွာဟောင်းကျေးရွားအတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းနှင့်ကျေးရွာခန်းမတည်ဆောက်ခြင်းလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။


ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလုံးမောင်သိန်းသည် ရမ်းဗြဲမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စုရွာကြီးကျေးရွာရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်တွင် တောင်သူပညာပေးသင်

တန်းကိုဖွင့်လှစ်ပေးရာ သင်တန်းဖွင့်ပွဲသို့ ရမ်းဗြဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးဦးကျော်ဝင်းနှင့်ကွင်းတာဝန်ခံများ၊ ရွာကြီးကျေးရွာနှင့်အနီးကျေးရွာများမှတောင်သူများတက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် သီးနှံအလိုက်ပန်းတိုင်အတွက်နှုန်းရရနှိင်ရေး၊ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊  နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ညစ်ညမ်းမှုလျော့ချနိုင်ရေးကို အကျိုးရှိစွာစနစ်တကျစိုက်ပျိုးနိုင်ရေး၊  ရေအစက်ချစနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရေးတို့ကို  ခရိုင် မြေ၊  မျိုး၊  ပိုး၊ သီးနှံတာဝန်ခံအဖွဲ့မှ ကဏ္ဍလိုက်ပညာပေးဆွေးနွေးကြသည်။


ဆက်လက်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလုံးမောင်သိန်းသည် ရွာကြီးကျေးရွာတွင် စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံနေကြာစံပြစိုက်ကွက် ဧက (၂၀) စိုက်ခင်းဖြစ်ထွန်းနေမှုအား  အားပေးကြည့်ရှုခဲ့ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)