MNP - ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အံ့တော်ရှင်တောင်တန်းသာသနာပြုဗဟို ကျောင်းတိုက်၌ ကျင်းပပြု လုပ်ကြသည်။
အခမ်းအနားသို့ ပြည်နယ်သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာအမှူးပြုသော ပင့်သံဃာများ၊ စာအောင်သံဃာ တော်များ၊ စာအောင်သီလရှင်ဆရာလေးများ ကြွရောက်တော် မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဇနီးဒေါ်ရွှေစင်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစု ဝင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ရှေးဦးစွာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပရာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ် ခဲ့ကြပြီး ထူးမခြားနားသီချင်းကြီးခန့်ဖြင့် ရောင်တော်ဖွင့်သီဆို ပူဇော်ကာ ဆရာတော်၊သံဃာတော်များထံမှ တက်ရောက်လာ သည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာရေး ဆိုင်ရာများလျှောက်ထားပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
၂၀၂၂ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားစာဖြေဌာနတွင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမင်္ဂစာမေး ပွဲအောင် သံဃာ (၁၀၂) ပါးနှင့် သီလရှင် ဆရာလေး (၁၄) ပါးတို့အား စာအောင်ဆုလက်မှတ်များနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ် လှူဒါန်း ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီးအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသား စုဝင်များ တက်ရောက်လာကြသူများက အံတော်ရှင်စေတီ တော်ရင်ပြင်၌ သတ်မှတ် နေရာအသီးသီးတွင် နေရာယူ၍ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ ပူဇော်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment