MNP - ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စနစ်တကျကော်မတီအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရာ၊ မြို့နယ်ကော်မတီအဖွဲ့များတွင်ပါဝင်ကြသော မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ကရုဏာစေတနာ ထက်သန်စွာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါ ကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်နေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်တို့က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost
No comments:
Post a Comment