ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ





MNP -    ဇန်နဝါရီ ၇

       ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက်၊ပညာပရမီဘုန်းတော်ကြီးကျောင်းရှိပြည်သူများအား  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း ၊ဆီမီးလောင်မှုကို မီးသတ်ဆေးဗူးဖြင့်လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် ပိုက်လိပ်ပိုက်ခေါင်း ကိုင်တွယ်အသုံးပြုမီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက  ယနေ့ နံနက် ၁၁ နာရီအချိန်ကဆောင်ရွက်ခဲ့ကြသည်။ 


        ထို့သို့ ဆောင်ရွက်ရာတွင်စာ‌ရေးကြီးဦးမိုး‌ ကျော်နှင့်ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့်တပ်ဖွဲ့ဝင်များက ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ပညာပါရမီဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ကြသောပြည်သူများ အနေဖြင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အ တွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  လျှပ်စစ်မီးအသုံးပြုသူ မိဘ ပြည်သူများ အနေဖြင့် မိမိတို့ နေအိမ် များရှိ လျှပ် စစ် ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက် ဆိုင်ရာ လျှပ်စစ်ဝန်ထမ်း များ ဖြင့် လဲ လှယ်တပ်ဆင် အသုံး ပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေ ဖြင့် မီး ကြွင်း၊ မီးကျန် များကို စနစ် တကျ မီးငြိမ်းသတ်စေရန် နှင့် နေအိမ်များတွင်လည်းမီးသတ်ဆေးဘူး၊ မီး သတ် ရေပုံ များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေ ကန် များ၌ ရေများဖြည့်တင်းကာအသင့်ထားရှိရန်လိုအပ်ကြောင်းသည့်တို့အားအသိပညာပေးဟောပြောခဲ့ကြောင်သိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)