MNP - ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ နေကြာသီးနှံစိုက်ပျိုးရန်ကျန် (၈၅၄) ဧကအား ရိုးပြန်ကျန်ဧကများတွင် (၃၁၊ ၁၊ ၂၀၂၃) ရက်နေ့အထိ စိုက်ပျိုးရေးတွန်းအားပေးဆောင်ရွက်ရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေဖြင့် နွေစပါး၊ ပဲတီစိမ်းစိုက်ဧကများဖြန့်ဖြူးရန် ကျန်ဧကများအား စိုက်တိုးမြှင့်ကော်မတီဝင်များမှ ကွင်းဆင်းဆောင်ရွက်ရန်နှင့် ချေးယူပြီးသည့်တောင်သူများ ဧကမှန်ကန်မှုရှိ၊ မရှိ လယ်စီအင်းဌာနမှ စီစစ်ဆောင်ရွက်ရန်၊ ရေသွင်းစိုက်ပျိုးသီးနှံများအတွက် စက်ရေတွင်းတူးဖော်လိုသည့် ကျေးရွာအုပ်စုများ၊ တောင်သူများတင်ပြနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး တောင်သူများအား (၂၂၊ ၁၊ ၂၀၂၃) ရက်နေ့တွင် ထပ်မံခေါ်ယူတွေ့ဆုံရန်၊ Solar စနစ်ဖြင့် ရေတင်စက်ဝယ်ယူနိုင်ရေး တောင်သူများအား ချပြရှင်းလင်းဆောင်ရွက်ရန်တို့က မှာကြားရာဌာနဆိုင်ရာများက သက်ဆိုင်ရာဂဏ္ဍအလိုက် ပြန်လည်တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment