MNP ၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မလူကျေးရွာတွင် PDF အကြမ်းဖက်သမားများက ကျေးရွာတွင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
နေအိမ်မီးရှို့ခံသူများမှာ ဦးမောင်မောင်၊ ဦးစောလွင်၊ ဦးတင်မောင်ဦး၊ ဦးအောင်ကျော်စိုး၊ ဦးဖိုးချစ်၊ ဦးချစ်ဝင်း (သေဆုံး)၊ ဦးအောင်သူ (သေဆုံး)၊ ဦးလှမင်း၊ ဦးလှဝေ၊ ဦးထွန်းဖေ၊ ဦးဖိုးစု နေအိမ်ပေါင်း (၁၁)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
သတင်းများအရ ခမ်းပတ်တပ်စခန်းတွင် ဦးမောင်မောင်အပါအဝင် မိသားစု ၅ စု၊ လူဦးရေ ၃၃ဦးခေါ်ယူထားရှိပြီး ရွာတွင်နေထိုင်သူမရှိတော့ဘဲ နီးစပ်ရာ အဆင်ပြေရာရွာများတွင် တိမ်းရှောင်နေကြရကြောင်း၊ PDF အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများမှာ အိန္ဒိယနယ်စပ်ရွာများသို့ သွားရောက်တိမ်းရှောင်နေကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment