MNP - ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ အပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး နှင့်ခရိုင်စီ
မံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့သန့် ရှင်းသာယာလှပရေး အတွက်အပတ်စဥ်စနေ့နေ့ တိုင်းမြို့သန်ရှင်းသာယာလှပရေး အတွက် ဌာနဆိုင်များ တပ်ရင်းတပ်ဖွဲ့များပြည်သူလူထုများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၌ ဌာနဆိုင်ရာရုံးများရပ်ကွက်လမ်းရှိသတ် မှတ်နေရာအလိုက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မြို့သန့်ရှင်းသာယာ သာယာလှပရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းအားဌာနဆိုင်ရာရုံး
များ၌ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်ဝန်ထမ်းများမှ သစ်ပင် ခြုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်လင်းခြင်းနှင့်ဆေးသုတ်ခြင်း များအားဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် များအတွင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များရပ်ကွက်နေပြည်သူများကသတ် မှတ်နေရာများအလိုက်စုပေါင်း၍သန့်ရှင်းရေး ဆောင်ရွက် ခဲ့ရာ အမှတ်(၃)စျေးရပ်ကွက်မှ ဦးဥတ္တမပန်း ခြံမှ အမ္ဗနဒီစျေးပတ်ပတ်လည်ထိလည်းကောင်းစျေးတောင်ရပ်ကွက်မှ ရွှေအမ်းတောင်ခန်းမရှေ့မှ WE LOVE ANN နေရာပတ် ဝန်းကျင်ထိလည်း ကောင်း လေယာကွင်းရပ် ကွက်မှ ပျဥ်းတောရွာအစမှလေယာဥ်ကွင်းဂိတ်ဝထိလည်းကောင်း အောက််ရွာကျေးရွာမှ မင်းဘူး- မအီ -စစ်တွေ လမ်းဆုံနေရာမှ အောက်ရွာကျေးရွာ တံတားကြီးထိပ်ထိလည်းကောင်း သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းများအား စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment