MNP - ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် နွေစပါးဧက(၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ခပေါင်းဆည်ရေသောက်စနစ် ဆည်ရေအသုံးချသူများအဖွဲ့(WUG)ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျွဲပွဲမြို့ သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးဧက(၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကျွဲပွဲမြို့ဇီးကုန်းကျေးရွာ အနီးခပေါင်းလက်ခွဲတူးမြောင်းမှ ဆိုလာစက်ရေတင်စနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပေးခဲ့သော တောင်သူ ၂၂ ဦးအား ဆည်ရေအသုံးချသူများအဖွဲ့(WUG)ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆည်ရေအသုံးပြုသူတောင်သူများအနေဖြင့် ဆည်ရေကိုအလေအလွင့်နည်းစွာဖြင့် အဖွဲ့ဝင်တောင်သူတိုင်းရေသွင်းစိုက်ဧရိယာအလိုက် အချိုးကျအညီအမျှဆည်ရေသွင်းစိုက်ပျိုးကြရန်ရည်ရွယ်၍ ဆည်ရေအသုံးချသူများအဖွဲ့(WUG)နှစ်ဖွဲ့အား ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်းပြောကြားပြီး ဆိုလာစနစ်သုံးရေတင်စက်ဖြင့်ရေပေးနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နွေစပါး ၂၉၁၂၁ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော
https://t.me/MyanmarNationalPost



No comments:
Post a Comment