MNP - ဇန်နဝါရီ ၃၀
စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွှဲပိုင်းက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေ)အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးကျော်ဆန်းဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေ)မှ တတိယနှစ်ကျောင်းသူ မယွန်းဝတီက လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမြတိငြိမ်းငြိမ်းမွန်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊မောင်စိုးလင်း အောင်က လူငယ်နှင့် ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်အောင်ကျော်ကျော်က တန်ဖိုးရှိပြီး အောင်မြင်ပျှော်ရွှင်သော လူငယ်တစ်ယောက်ဖြစ်ဖို့ ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဒုတိယနှစ်ကျောင်းသူ မနှင်းပွင့်လွှာက လူငယ်များအပေါ် ခြိမ်းခြောက်လာသော မူးယစ်အန္တာရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နေမင်းအောင်က လူငယ်နှင့် လူငယ်ကျန်းမာရေးတွင် အားကစားအခန်းကဏ္ဍ အရေးပါပုံခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment