ရသေ့တောင်မြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP   -  ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ရ‌သေ့တောင်မြို့၌  မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်ကအထက(၁)ကျောင်းဦး‌ချောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ အသိပညာပေးဟောပြောပွဲတွင် ရသေ့တောင်မြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးသက်နိုင်ဦးက  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ဟောပြောရာ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြသနာသည်  အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ အနာဂတ်လူငယ်များ၏ ဘဝကောင်းမွန်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်နှင့် ပညာရေးကဏ္ဍသည် အရေးကြီးကြောင်း၊ လူငယ်များအနေ ဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားစေလိုကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါး အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ပြသနာများ ၊ ကျန်းမာရေးဆိုးကျိုးများ၊မိမိတို့မြို့နယ် အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး ဆောင်ရွက်နေသည့်  အခြေအနေများ ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာများကိုရှင်းလင်း‌ ပြောကြားပြီးမြို့နယ်ဥပဒေဆိုင်ရာအထောက်အကူ‌ ပေးရေးအဖွဲ့ဥက္ကဌဦးသာဇံမှမူးယစ်ဆေးဝါးဆိုင်ရာဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် လူငယ်ပြုပြင် ပျိုးထောင်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ဆက်ဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးမှမူးယစ်‌ ဆေးဝါးအန္တရာယ်အသိပညာ‌ပေးအ‌ ကြောင်းများကိုရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း အသိပညာပေးဟောပြောခဲ့သည်။


အဆိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ အသိပညာဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်‌ ရေးမှူးဦးကျော်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ဆရာများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


 ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)