မြောက်ဦးမြို့၌လူငယ်များအသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌လူငယ်များအသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ


MNP -   ဇန်နဝါရီ  ၃၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ လူငယ်များအသိပညာပေးနံရံကပ် စာစောင်ပြပွဲ ကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန် အတွက် ယနေ့ နေ့လည် ၂ နာရီ အချိန်ကအဆိုပါ ခန်းမ၌ နံရံကပ်စာစောင်များ ပြသခဲ့ကြောင်းသိရသည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုပ်သံကျွမ်းကျင်-၃ ဦးဦးမောင်ဝင်းမှ လူ ငယ်များအသိပညာပေးနံရံကပ်စာစောင်ပြပွဲတွင်  လူငယ်ဘဝလှပဖို့မူးယစ်ဆေးဝါးတိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်အန္တရာယ်ပြည်ရန်စွယ်ကာကွယ်တိုက်ဖျက်ပြည်သူ့အ တွက်အ သိပညာပေးနံရံကပ်စာစောင်များတွင် ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ နိုင်ငံတော်မှအမျိုးသား ရေးတာဝန်တစ်ရပ်နေဖြင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများနှင့် သက်ဆိုင်သည့် ပညာပေးရောင်စုံဓာတ်ပုံများ၊ ပညာပေးစာစောင်များ၊ရုပ်ပုံကားချပ်များဖြင့်ဝေဝေဆာဆာခင်းကျင်းပြသထား၍မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းအရာများကို ရုပ်ပုံများအလိုက် ကျောင်းသူ၊ကျောင်းသားများ အားရှင်း လင်း ပြောကြား ခဲ့သည်။


ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်ဓာတ်ပုံများနှင့် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများတို့မှ စိတ်ပါ ဝင်စားစွာလေ့ လာကြည့်ရှု ခဲ့ကြ ကြောင်း သိရသည်။


မြင့်စိုး၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)