မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး ဆောင်ရွက်လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး ဆောင်ရွက်လျှက်ရှိ



MNP  -   ဇန်နဝါရီ  ၃၀

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ် ရပ်ကွက်များဖြစ်သော  အလယ်ဈေးရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်  အတွင်းရှိနေအိမ်များ သို့သွားရောက်ပြီး တစ် အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ရှိစေ ရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ် တပ်ဖွဲ့ဝင်များ၊ သက် ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေး မှူးများနှင့် စာရေး ဝန်ထမ်း များ ပူးပေါင်း၍ယနေ့နံနက် ၁၀ နာရီအချိန် ကအဆိုပါ ရပ်ကွက်များသို့ရောက်၍ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းကို တစ်အိမ် တက်ဆင်းစစ်ဆေးခြင်း နှင့် ဓါတ်ဆီဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူ များအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး နှင့် မီးလောင်မှုကြောင့် ပြည်သူများ၏အသက်၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးတို့အ တွက်မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ မိမိတို့၏နေအိမ်များတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးယို့ယွင်းနေပါက အသစ်လဲလှယ်၍ ပြန်လည် တတ် ဆင် အသုံးပြုကြရန်နှင့်လျှပ်စစ်ဝါယာချော့ကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ် ဆေး ဗူးအား စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ထင်း၊ မီးသွေး များဖြင့် ထမင်းဟင်း ချက်ပြုတ်ပြီး တိုင်း မီးကြွင်းမီးကျန်များအားစနစ်တကျ ငြိမ်း သတ် ထားရှိပြီးနေအိမ်များတွင် မီးသတ်ဆေးဗူး၊ မီးဂျိတ်၊မီးကပ်၊ သဲအိတ်၊ ရေပုံးများ အသင့် ထားရှိရန်နှင့် ရုတ်တရက်မီးလောင်မှု /မီးလန့်မှုများ ဖြစ်ပေါ်လာပါကမြို့နယ်မီးသတ်ဦးစီးဌာနသို့အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ရန်လိုအပ်ကြောင်းစသည့်အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)