MNP ၊ ဇန်နဝါရီ ၃၀
ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ထားသော CRPH, NUG အဖွဲ့ဝင်များက ၎င်းတို့ အာဏာလက်မဲ့ ဖြစ်ခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အသံတိတ်သပိတ်လုပ်ရန် လှုံ့ဆော်နေမှုများအား ထပ်ဆင့်လှုံ့ဆော်သူ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
နေပြည်တော်၊ သပြေကုန်းတွင် နေထိုင်သော Soe Yadanar Oo အမည်ဖြင့် facebook သုံးစွဲသူ အမျိုးသမီးသည် သူမ၏ facebook စာမျက်နှာမှ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ လှုံ့ဆော်ထားသည့် နွေဦးတော်လှန်ရေးသပိတ် ၂နှစ်ပြည့် အသံတိတ်သပိတ် တွင် ပါဝင်ကြရန် ထပ်ဆင့်လှုံ့ဆော်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်မှုနှင့်ဆိုင်သော Post ၊ Share ၊ Like ၊ Comment တင်ခြင်းများသည် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကော်မတီ) မှ အသိပေး ထုတ်ပြန်ထားသည်။
#MyanmarNationalPost





No comments:
Post a Comment