MNP - ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်နှင့်စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်၊ ကာယ၊ ဉာဏဆိုင်ရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ကြကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ ၂၀ ဦးကပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင် အဖြစ် ဗလာစာအုပ်များကို ပေးအပ်ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ အသိပညာတိုးတက်ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် အတွက် ပြပွဲပြိုင်ပွဲများ ၊စာဖတ် ဝိုင်းများ၊ လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း
https://t.me/MyanmarNationalPost
No comments:
Post a Comment