ရသေ့တောင်မြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ









MNP   -    ဇန်နဝါရီ  ၂၇

       ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့်အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့‌ နေ့လည်(၁၂)နာရီအချိန်က မြို့မအထက(၂) ကျောင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက  အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေဘက်ပေါင်းစုံမှထူးချွန်ထက်မြတ်ဖို့ဆိုရင်သူတို့ရဲ့အတွေအကြုံဗဟုသုတအများကြီးလိုအပ်‌ေကြာင်း၊လူငယ်တွေပြောရဲဆိုရဲရှိပြီးနှုတ်မှုစွမ်းရည်တွေတိုးတက်စေဖို့စာပေတွေကနေဗဟုသုတတွေရရှိပြီးအဲဒါကိုသူငယ်ချင်းအချင်းချင်းအသိပညာတွေကိုမျှဝေပေးနိုင်ရန်ပူးပေါင်းဆောင်ရွက်တက်တဲ့အလေ့အကျင့်ကောင်းတွေရရှိ‌ စေရန်ပါဝင်ဝင်ဆွေးနွေးရဲတဲ့အတွေအကြုံနှင့်အသိဉာဏ်တွေရင့်သန်လာစေပို့ရည်ရွယ်ပြီးကျင်းပရတဲ့ပွဲလည်းဖြစ်‌ ကြောင်းဦးဆောင်ဆွေးနွေးပြီး၊မြို့မအထက-၂ဆရာမကြီးဒေါ်ခင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး၊မြို့မအထက-၂မှကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။


လူငယ်စကားဝိုင်းတွင် မြို့မအထက-၂Grade – 10 မှကျောင်းသူ မအိအိန္ဒြာကျော်က လူငယ်နှင့်အသိပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းမြတ်ကျော်က လူငယ်နှင့် ယုံလွယ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊မဇင်မီထွန်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊‌  မသူဇာအေးငြိမ်းက လူငယ်နှင့် ပညာရေးခေါင်းစဉ်တို့ဖြင့်အသီးသီးဆွေးနွေးကြသည်။ 


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ

ဦးဆောင်ဆွေးနွေးသူ ကျောင်သား/ကေျာင်းသူတို့မှပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းဝင်းအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေး အန္တရာယ်အသိပညာပေး ဓာတ်ပုံများ၊မူးယစ်ဆေးဝါးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှင့်ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသထားမှု အားလှည့်လည်ကြည့်ရှု ခဲ့ကြသည်။


အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊လူမှုဝန်ထမ်းဦးစီးဌာနမှဝနထမ်းများ၊မြို့နယ်အား/ကာဦးစီးဌာနမှဝန်ထမ်းများ၊မြို့မအထက(၂)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)