MNP - ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၏ ကျက်သရေဆောင် မြတ်စွယ်တော်ကုန်းတော်ပေါ်၌တည် ထား ကိုးကွယ်ထားရှိသော ဓာတ်ပေါင်းစုစေတီတော်မြတ်ကြီးကုန်းတော်ပရဝုဏ်အတွင်း၌ အများသူငှာ စိတ်ချမ်းမြှေ့စွာဖြင့်ဘုရားဖူးကုသိုလ်ယူ အပန်းဖြေနိုင်စေရန် ယနေ့နံနက် (၇) နာရီအချိန်တွင် အမ်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်နေပြည်သူများစုပေါင်းကုသိုလ်ယူ သန့်ရှင်းရေးဆောင် ရွက်ခဲ့သည်။
အဆိုပါသန့်ရှင်းသာ ယာလှပရေးစုပေါင်း ဆောင် ရွက်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိ ယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ ကဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန် ထမ်းများ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ နှင့်ပြည်သူများက ပူးပေါင်း၍ ဘုရားကုန်းတော်ပရဝုဏ်အတွင်းသန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ် ပေါင်းမြက်များအားခုတ်ထွင်ရှင်းလင်းခြင်းအမှိုက်များသိမ်းခြင်း များအားစုပေါင်းသန့်ရှင်းရေးဆောင် ရွက်ကာ ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီး ဓာတ်ပေါင်းစုစေတီတော်ပတ် လည် ရင်ပြင်တော် ပြုပြင်နေမှုများနှင့်ဆေးရောင်များမှေးမှိန်နေသောအစိတ်အပိုင်းများအားထုံးဆေးသုတ်ခြင်းလုပ်ငန်းများအားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment