မာန်အောင် အ-ထ-က ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင် အ-ထ-က ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်







MNP  -    ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဥ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ အ-ထ-က ၌ ကျောင်းဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် သန့်ရှင်းရေးများ ဆောင်ရွက် ခဲ့ကြသည်။


     အဆိုပါ စုပေါင်းသန့်‌ရှင်းရေး များဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မာန်အောင်အ-ထ-က ကျောင်းဝန်းကျင်ရှိ ချုံနွယ် ပိတ်ပေါင်း၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့်  စနစ်တကျ စွန့်ပစ်ခဲ့ကာ သန့် ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)