(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုသည့်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုသည့်အခမ်းအနား ကျင်းပ


MNP  -  ဇန်နဝါရီ ၉

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုစစ်ရေးပြစစ်ကြောင်းတွင် ပါဝင်ကြသည့် ဝန်ထမ်းများ၊ အထိုင်စစ်ကြောင်းတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ်ပေါ်/ ယာဉ်အောက် သရုပ်ပြပါဝင်ခဲ့ကြသည့်ဝန်ထမ်းများကို ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် Western Park Restaurant ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ တက်ရောက်ကြသည်။


ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက်


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေး နေ့သည် ကြုံတောင့်ကြုံခဲနေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား၌ ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝန်ကြီးဌာန၏ သမိုင်းတွင်မည့်ဖြစ်ရပ်တစ်ခုအဖြစ်နှင့် မိမိဘဝတစ်သက်တာအတွက်လည်း ဂုဏ်ယူဖွယ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် မိမိ၏ဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အထိုင်စစ်ကြောင်းများတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျ ညီညီညွတ်ညွတ် တက်တက်ကြွကြွဖြင့် ဆောင်ရွက်နိုင်မှု၊ ဂုဏ်ပြုယာဉ်ကို စိတ်ကူးစိတ်သန်းကောင်းစွာ၊ သေသပ်ကျနစွာ တင်ပြနိုင်မှုတို့ကြောင့် မိမိဝန်ကြီးဌာန၏ပုံရိပ်ကို များစွာမြှင့်တင်ပေးနိုင်ခဲ့သဖြင့် မိမိအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်အဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင်ရရှိသည့် အလေ့အကျင့်ကောင်းများကိုရယူပြီး နိုင်ငံတော်၏ ယန္တရားများ ရှေ့ဆက်လက်ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသော ဝန်ထမ်းများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုညစာကို ပျော်ရွှင်စွာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)