MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မောင်နီရပ်ကွက် ၊ နယ်စပ်ခြံစည်းရိုးအနီး ဒီရေတောအတွင်း လှေတစ်စီးပေါ်မှ ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွှဲ (၁၂:၁၀) မိနစ် အချိန် အရက် ၊ ဘီယာများ နှင့် ကော်ဇီမစ်ထုတ်များ သိမ်းဆည်း ရမိခဲ့ ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မောင်နီရပ်ကွက် ၊ နယ်စပ်ခြံစည်းရိုးအနီး ဒီရေတော အ တွင်း မသင်္ကာဖွယ်ရာ အစိမ်းရောင် ဆာလာအိတ်များ တင်ဆောင်ထားသည့် လောင်းလှေငယ်(၁) စီး ကမ်းထိုး ဆိပ်ကပ် ထားသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၂၂ ပေ ၊ အနံ ၄ ပေ ၊ရေစူး ၃ပေ ခန့်ရှိ သစ်သားလှေငယ် ၁ စီး တွေ့ရှိခဲ့ပြီး လောင်းလှေငယ်အား စစ်ဆေးခဲ့ရာ အစိမ်းရောင် ဆာလာအိတ်များဖြင့် ထုပ်ပိုးထားသည့် ANDAMAN Gold တံဆိပ်ပါ ဘီယာဘူး ၂၈၈ ဘူး ၊ Grand Master တံဆိပ်ပါ အရက်ပုလင်း ၃၆ လုံး ၊ KILL RAT တံဆိပ်ပါ ကြွက်သတ်ဆေးဗူး ၁၁၆ ဗူး ၊ SUPER COFFEEMIX တံဆိပ်ပါ ကော်ဖီမစ်အထုပ်ကြီး ၇၀ ထုပ် ၊ RICH COFFEEMIX တံဆိပ်ပါ ကော်ဖီမစ်အထုပ်ကြီး ၁၃၀ ထုပ် စုစုပေါင်း ကာလဒေသတန်ဖိုး ၂၃၄၉၀၀၀ ကျပ်ခန့်အား တွေ့ရှိပြီး ပိုင်ရှင်မဲ့တွေ့ရှိခဲ့သည့် ပစ္စည်းများအား သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။
ဝေလ
https://t.me/MyanmarNationalPost

No comments:
Post a Comment