MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ကို မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော် ခဲ့ကြ သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ ဝင်များက ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိနေပြီ ဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေး သူငယ်များ၊ သက် ကြီး ရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံး များတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ် ဦးစီးဌာနမှ ချ မှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီ ဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦ များ၊ တပ်ရင်း တပ်ဖွဲ့များ၊ ပုဂ္ဂလိက ရုံးများ၌ မီးဘေး ကြိုတင် ကာ ကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်း များဖြစ် သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း နှင့် မီးလောင် မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေး အတွက် အသိပေး လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment