MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကံပြင်သာစည် အခြေခံ ပညာမူလ တန်း ကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီ အချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မောင်တောမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်း နှင့် အ.ထ.က(၄)မိုင်ကျောင်းအုပ် ဆရာ ကြီး တို့မှ အမှာစကားပြောကြားခဲ့ကြပြီး ကံပြင်သာစည် အခြေခံ ပညာမူလ တန်း ကျောင်း(ခွဲ)၏ ဆရာကြီး ဦးစည်သူအောင်က ကျေးဇူးတင် ဝမ်းမြောက်ကြောင်း စကားပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူ လေးများက ရခိုင့်ရိုးရာယိမ်း အကအလှများ ၊ တေးသီချင်း များဖြင့် ကပြ ဖျော်ဖြေ ပေး ခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆု နှင့် အား ကစား ထူးချွန်ဆု ရရှိ သော ကျောင်း သား/သူ များ အား မြို့နယ်ပညာရေးမှူး ၊ ကျောင်းအုပ်ဆရာကြီး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးကြ သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost





No comments:
Post a Comment