MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ်သတိရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ရှိ စက်သုံးဆီအ ရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် အတွင်း ရှိ စက်သုံးဆီအရောင်ဆိုင်များအနေဖြင့် မြို့နယ်မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာမှုရှိမရှိအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်၊ Danko စက်သုံးဆီအရောင်းဆိုင်၊ ကျော်ဇံစက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကာ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များနှင့်တွေ့ဆုံပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်နှင့်အညီ ရောင်းဝယ်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီများအား စနစ်တကျသိုလှောင်ထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရေး ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တ ရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရေး စသည့်အချက်အလက်တို့ကို အသိပညာပေး ရှင်း လင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment