တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးနှင့်မှုခင်းအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးနှင့်မှုခင်းအသိပညာပေးဟောပြောပွဲကျင်းပ



MNP  -  ဇန်နဝါရီ ၁၆

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းစေရေး နှင့်မှုခင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။


ကျောင်းသား၊ကျောင်းသူကလေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရေးနှင့် မှုခင်း အသိပညာပေးဟောပြောရာတွင် တောင်ကုတ် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လင်းကိုနိုင် မှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက် ရေးတို့ကို ဟောပြောသည်။


အဆိုပါအခမ်းအနားသို့ အမှတ်(၃)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ၊ Grade-8 အတန်းမှ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)