MNP - ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီ(၉)ရက်နေ့မှစ၍(Working Group)မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူ လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်တွင် ခရိုင်၊မြို့နယ်(Working Group)မြေကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ ဝင်များက ကင်းတောင်စံပြကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်ခရိုင် (Working Group)မြေကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ၊ ခရိုင်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ၊ ခရိုင်လဝက ဦးစီးမှူး ဦးရည်သန့် ၊မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ ရေးကြီးကြပ်မှု ကော်မတီ ဥက္က ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လဝက ဦးစီးမှူး ဦးအောင်ကျော်မိုး နှင့် ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက ကင်းတောင်စံပြကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုအား လိုက်လံ ကြည့်ရှု ၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment