မိုးညိုမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ သီးသန့်နှင့်သီးညှပ် ဧကပေါင်း ၆၄၆၅ ဧကစိုက်ပျိုးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ သီးသန့်နှင့်သီးညှပ် ဧကပေါင်း ၆၄၆၅ ဧကစိုက်ပျိုးနိုင်ခဲ့



MNP   -   ဇန်နဝါရီ  ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးခဲ့ရာတွင် ကျေးရွာအုပ်စု (၃၇)အုပ်စု၌ နေကြာဆီထွက်သီးနှံမျိုးဖြစ်သည့် ဆင်းရွှေကြာ-၂၊ ရေဆင်းစပ်မျိုး-၁ တို့အား စိုက်ပျိုးဧက(၆၄၆၅) ဧကတို့တွင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။


ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ အုပ်စု/ ကျေးရွာများတွင် စိုက်ပျိုးထားရှိသည့် နေကြာသီးသန့် (၈၄၆)ဧကနှင့် သီးညှပ် (၅၆၁၉)ဧကတို့မှာ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားဆီထွက်သီးနှံများဖြစ်သည့် ဆောင်းသီးနှံ မြေပဲစိုက်ဧက (၁၀၉၄) ဧကနှင့် နှမ်းစိုက်ဧက (၂၁၇၇)ဧကတို့ကိုလည်းစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ခံစိုက်ပျိုးလာစေရန်၊ ဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်လာ​ေစရန်၊ တောင်သူဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပြီး တောင်သူများအနေဖြင့် တစ်ဧကဝင်ငွေ အကျိုးအမြတ်ပိုမိုရရှိသည်ကို လက်တွေ့သိရှိနိုင်ခြင်း၊ ပဲမျိုးစုံစိုက်ဧကများတွင် နေကြာသီးနှံ စနစ်တကျ စိုက်ပျိုးနိုင်ခြင်း၊ တောင်သူဝင်ငွေတိုးတက်လာခြင်းဖြင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေခြင်းနှင့် နိုင်ငံတော်၏ဆီဖူလုံမှုအတွက် အထောက်အကူဖြစ်စေပြီး​ တောင်သူများအနေဖြင့်လည်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)