မက်မန်းမြို့၌ (၂၇)ကြိမ်မြောက် လားဟူရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ (၂၇)ကြိမ်မြောက် လားဟူရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ



MNP  -   ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် လားဟူတိုင်းရင်းသားတို့၏ (၂၇)ကြိမ်မြောက် ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါပွဲတော်အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင်“ လားဟူတိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းများစွာကပင် ပြည်ထောင်စုမြန်မာနိုင်ငံတွင်း၌ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံးစွာဖြင့် နေထိုင်ခဲ့ကြပါကြောင်း၊ လားဟူတိုင်းရင်းများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များဖြင့် ပြည်ထောင်စုအတွင်း နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားများအကျိုးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျရောက်သည့် (၂၇)ကြိမ်မြောက် လားဟူတိုင်းရင်းသားများအနေဖြင့် အသက်ရှည်၍ စိုက်ပျိုးသောကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းပါစေကြောင်း” နှစ်သစ်ကူးဆုမွန်ကောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မက်မန်းမြို့နယ် လားဟူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဦးယောနက မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူစာပေနှင့်ယဉ်ကျေးမှုအသင်းချုပ်မှ ပေးပို့သောသဝဏ်လွှာအားဖတ်ကြားခြင်း၊ မက်မန်းမြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွင်းရေးမှူး ဦးယောရှုက လားဟူနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းအကြောင်းကို  ရှင်လင်းတင်ပြခဲ့သည်။ ဆက်လက်၍ လားဟူတိုင်းရင်းသားများက ရှေးရိုးရာ ဗူးသီးခြောက်တူရိယာများဖြင့် တီးမှုတ်ဖျော်ဖြေခြင်း၊ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်း၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား လက်ဆေးခြင်းမင်္ဂလာပြုလုပ်ခြင်း၊ လားဟူရိုးရာလွယ်အိတ်၊ ခေါပုတ်နှင့်ဝက်သားများကို လက်ဆောင်ပေးအပ်ခြင်းနှင့် ဧည့်သည်တော်များအား ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခြင်းများဆောင်ရွက်၍ နှစ်သစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ပန်းကျင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)