MNP - ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်ဌာနဆိုင်ရာများမှ အပတ်စဉ် စနေ့နေ့တိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် မြို့ရွာများသန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ရမ်းဗြဲမြို့ကိုယ်ရံတောင်စေတီတော်မြတ်ကြီးပေါ်သို့တက်ရောက်ရာလမ်းတစ်လျှောက်တွင်ဘုရားဖူးပြည်သူများစိတ်အေးချမ်းစွာသွားလာနိုင်စေရေးနှင့်မြို့သန့်ရှင်းသာယာလှပစေရေအတွက် စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည် ခြုံ နွယ် မြက် ပေါင်းများကိုခုတ်ထွင်ရှင်းလင်းပေးခြင်းကိုယ်ရံတောင်စေတီတော်မြတ်ကြီးပေါ်သို့တက်ရာလမ်းဘေးဝဲ ယာကို ရှင်းလင်းပေးခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကိုဆောင်ရွက်ပေးကြပြီး မြက်၊ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းသယ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost





No comments:
Post a Comment